
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရွာပုလဲကျေးရွာ ၊ ကွင်းအမှတ်- ၁၁၃၀(အေ)ရှိတောင်သူ ဦးမျိုးနိုင်ဦး ၏စိုက်ပျိုးမြေ ၅ဧက တွင် မျိုးကောင်းမျိုးသန့်၊ အထွက်ကောင်း ရက်(၁၂၀)ဗီယမ်နမ် မိုးစပါးအား စက်မှုလယ်ယာဦးစီးဌာန၏ ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို (၁၈.၇.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ် ခဲ့ရာတွင်ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စက်မှု လယ်ယာ ဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စိုက်ကြပ်တာဝန်ခံဝန်ထမ်းများ၊ ဒေသခံ တောင်သူ (၇၀)ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး စိုက်စွမ်းအား၊ သီးထပ်စွမ်းအား မြှင့်တင်ရေးအတွက် ရာသီအလိုက် သုံးသီးစား စိုက်ပျိုးနိုင်ရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး မျိုး၊ မြေ၊ ရေနှင့် စိုက်နည်းများကို မှန်ကန်စွာ အသုံးချ၍ မိုးစပါးပန်းတိုင် အထွက်နှုန်းပြည့်မီ ကျော်လွန်အောင် ပူးပေါင်းကြိုးပမ်း နိုင်ရေး ဆွေးနွေးကာ တောင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)