Main menu

“စားသောက်ဆိုင်အားပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး”

Powered by Drupal

    ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ဇူလိုင်လ(၁၄)ရက်နေ့တွင် လွင်ကဖေး လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်အား ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်းသိရှိရပါသည်။ ထို့သို့စစ်ဆေး ရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား အစားအသောက်ပြုပြင်ရောင်းချသည့် နေရာများ သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ အစားအသောက်ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန်၊ ဝန်ထမ်းများ ကျန်းမာရေး‌ဆေးစစ်မှုများခံယူရန် ၊ မိမိတို့ဆိုင်မှ ပေးအပ်ထားသည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး စားသုံးသူအားလုံလောက်သည့် သတင်းအချက်အလက်များပြည့်စုံ မှန်ကန်စွာ အသိပေးပြောကြားရန်နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊အရွယ် အစား(Size)ပမာဏအလိုက် စျေးနှုန်းအား ဖွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန် စသည်တို့အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)