Main menu

“ဆန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

Powered by Drupal

   ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၁၄) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်း ဆိုင်သို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
   ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေး လျက်ရှိကြောင်း၊၎င်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များ ကိုသိုလှောင်ခြင်း မပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက် ားကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန် အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည် ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)