
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေး လုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များဖြန့်ဝေခြင်း တို့ကိုဆောင်ရွက်လျက်ရှိပါသည်။စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးအလိုက်ဟောပြော ဆောင်ရွက်လျက်ရှိရာ(၁၀-၇-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ လမ်း၈၀၊ ၂၈x၂၉ ကြား၊ အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ (၁၀၅)ဦးအား စားသုံးသူ ကာကွယ်ရေးနှင့် ပတ်သတ်သော အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်မှ အဖွင့်အမှာစကားပြောကြားပြီး၊ သတင်းအချက်အလက်နှင့် အရည်အသွေးစီမံခန့်ခွဲရေး ဌာနခွဲတာဝန်ခံဖြစ်သည့် ဦးစီးအရာရှိ ဒေါ်အေးငြိမ်းစံ မှ စားသုံးသူကာကွယ်ရေး နှင့် ဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူများ၏အခွင့်အရေး နှင့် တာဝန်များ၊ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းများအား ရှင်းလင်းဟောပြောခဲ့ပြီး Comsumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းကို လက်တွေ့ခေါ်ဆို သရုပ်ပြခဲ့ပြီး ကျောင်းသား၊ကျောင်းသူ များအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(မန္တလေး)