
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်တွင် ဒေသထွက်ကုန်နှင့် အနယ်နယ်အရပ်ရပ်မှ တင်သွင်းလာသောလူသုံးကုန်၊စားသောက်ကုန်များ အများအပြားရောင်းချလျက်ရှိသည်။ ထိုသို့ ရောင်းချရာတွင် မာလကာသီးသည်လည်း အရောင်းသွက်လျက်ရှိသည်။ စားတွင်းကောင်း၍ အနံ့မွှေးသောကြောင့် စားသုံးသူများ အလွန်ကြိုက်နှစ်သက်သော သီးနှံတစ်မျိုးဖြစ်သည်။ မာလကာသီးကိုမြိတ်မြို့ပေါ်ရှိ ဆိပ်ငယ်ဈေး၊သီရိမင်္ဂလာဈေးနှင့် သစ်သီးဆိုင်အများအပြားတွင် ရောင်းချလျက်ရှိပါသည်။ မာလကာသီးများကို မြိတ်မြို့ပေါ်တွင် နေရာအနှံ့အပြား၌ စိုက်ပျိုး ကြပါသည်။ မြိတ်မြို့ပေါ်ရှိ ကမ်းနားဈေးများတွင် သစ်သီးဈေးကားများဖြင့် ရောင်းချကြကြောင်း လည်း တွေ့ရှိရပါသည်။
၂၀၂၅ခုနှစ် ၊ ဇူလိုင်လတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ မာလကာသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၁၅၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ရှိကြောင်း သစ်သီးရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)