Main menu

မြေထောက်ပဲစျေးနှုန်းစျေးကွက်

Powered by Drupal

   ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေး ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၆၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ  ၄၉၀၇ကျပ်နှင့် ၅၅၅၆ကျပ် တို့ ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ် လျှင် ၂၈၀၀၀၀ကျပ်နှင့် ၃၂၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၁၈၅ကျပ်နှင့် ၅၉၂၆ ကျပ်ဖြစ်ပြီး ယခင်နှစ်စျေးနှင့် ယခုနှစ်နှိုင်းယှဉ်ပါက မြေထောက်ပဲ ပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)