
၁၀.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံ မြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)