Main menu

ဘီးလင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ်ရွေးချယ်ပွဲ ပြုလုပ်

Powered by Drupal

     ၈.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်း၏ အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံး၌ ကျင်းပပြုလုပ်သည်။

      အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်မင်း (ဦးစီးအရာရှိ)က အမှာစကားပြောကြားပြီး အသင်းတာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၅ ထိ ယခင် သက်တမ်းကာလ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

   ယင်းနောက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအား ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ဆက်လက်တာဝန်ယူဆောင်ရွက်ကြမည့် အမှုဆောင်အသစ်များကို စားသုံးသူရေးရာဦးစီးဌာန နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများ ဦးဆောင်၍ စိစစ်ရွေးချယ်ပေးခဲ့ကြပြီး အသင်းသား အားလုံးတို့၏ အတည်ပြုချက်ရယူကာ ဖွဲ့စည်းပေးခဲ့ကြသည်။

     အဆိုပါအသင်း အမှုဆောင်သစ်အဖွဲ့ကို ဘီးလင်းမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များအနက်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်စစ် တစ်ဦးစီတို့နှင့် အဖွဲ့ဝင် (၃) ဦး စုစုပေါင်း (၉) ဦးတိုဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)