Main menu

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ထားဝယ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမတွင် စီးပွားရေးရာဝန်ကြီးဦးဆောင်၍ ထားဝယ်ခရိုင် ဆန်စက်လုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။

    အခမ်းအနားတွင် ပထမပိုင်းအဖြစ် စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ရှင်းလင်းဆွေးနွေးခြင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ ဆန်စက်အခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ ခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌမှ ဆန်စပါးသယ်ယူ၊ ကြိတ်ခွဲကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေး နွေးခဲ့ကြပါသည်။

   ဒုတိယပိုင်းအဖြစ် တက်ရောက်လာသော ဆန်စက်ပိုင်ရှင်များမှ EC ၊ CEC များ ရွေးချယ်ခြင်း၊ ထားဝယ်ခရိုင်ဆန်စက်လုပ်ငန်းရှင်းများအသင်း CEC အား ကြေငြာခြင်း၊ ထားဝယ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်သခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအား တင်ပြခြင်းနှင့် စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားအား နေ့လယ် (၁၂း၃၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့‌ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)