
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြို့မအားကစားကွင်းတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဥက္ကဌ ဖလား(၃)မြို့နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲအား (၅.၇.၂၀၂၅)နေ့၊ ညနေ(၁၅:၀၀)နာရီ အချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရးဥက္ကဌမှ ဖွင့်လှစ်ခဲ့ပါသည်။
ထိုအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ ခရိုင်အဆင့် ဌာနဆိုင်ရာများမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဥက္ကဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး (၃)မြို့နယ်မှအမျိုးသမီးဘောလုံးပွဲအသင်း(၇)သင်းမှ အားကစားသမားများ တက်ရောက်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဌမှအဖွင့်အမှာစကားပြောကြား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA( ဧရာဝတီ)