Main menu

ပန်းတနော်မြို့နယ်တွင် ရောင်းချနေသော ဂျင်း ဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ရန်ကုန်တိုင်းဒေသကြီးမှ မှာယူ၍ ရောင်းချဖြန့်ဖြူးကြောင်း သိရသည်။ ပန်းတနော်မြို့နယ်တွင် ဂျင်းစိုက်ပျိုးမှု မရှိပဲ။ ရန်ကုန်ကုန်စည်ဒိုင်များမှ မှာယူ ရောင်းချကြသည်။ ဒေသတွင်းစားသုံးမှုလိုအပ်ချက်အရ ရှမ်းပြည်နယ်ထွက်၊ ချင်းပြည်နယ် စိုက်ပျိုးမှုများသော ဂျင်းများ အများဆုံး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဂျင်းသည် ဆေးဖက်ဝင်သီးနှံတစ်မျိုးဖြစ်၍ အိမ်တိုင်း မရှိမဖြစ် အသုံးပြုကြပါသည်။ ဟင်းချက်ရာတွင် အသုံးပြုခြင်း၊ ကျန်းမာရေးအရ အသုံးပြုခြင်း၊ ဆေးဖော်စပ်ရာတွင် အသုံးပြုခြင်းများလည်းရှိသည်။ ဂျင်းဈေးကွက်အနေဖြင့် ယခင်၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင် ဂျင်း တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၄၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခု ဇူလိုင် ၂၀၂၅ခုနှစ် တွင် ဂျင်း တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးရှိကြောင်း၊ ယခင်နှစ်ဈေးထက် ပိုမို ဈေးမြင့်တက်လာကြောင်း ရန်ကုန်အထိုင်ဈေးက မြင့်တက်၍ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ပွင့်လင်းရာသီတွင် ဈေးနှုန်း ကျဆင်းနိုင်ပါကြောင်း ပန်းတနော် ဈေးကွက်မှ သိရသည်။ ဂျင်းများကို ရန်ကုန်မှ ပိဿာချိန် ၃၀ပါ တစ်အိတ်လျှင် ၁၈၀၀၀၀ကျပ်ဖြင့် မှာယူရောင်းချကြောင်းနှင့် တစ်ခါ မှာယူပါက ၁၀အိတ်မှာယူရောင်းချကြောင်း မှာယူသော အိတ်များကို ၁လအတွင်းရောင်းချရကြောင်း ပန်းတနော် အခြေခံစားသောက်ကုန် ဂျင်းရောင်းချသူထံမှ သိရသည်။ DOCA(ဧရာဝတီ)