Main menu

သထုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ်ရွေးချယ်ပွဲပြုလုပ်

Powered by Drupal
၇.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်း၏ အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို သိမ်ကုန်းရပ်ကွက်ရှိ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူက အမှာစကား ပြောကြားပြီး အသင်းတာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၅ ထိ ယခင်သက်တမ်းကာလ ဆောင်ရွက် ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။ ယင်းနောက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအား ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ဆက်လက်တာဝန်ယူဆောင်ရွက်ကြမည့် အမှုဆောင်အသစ်များကို ခရိုင်ဦးစီးမှူးနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများ ဦးဆောင်၍ စိစစ်ရွေးချယ်ပေးခဲ့ကြပြီး အသင်းသား အားလုံးတို့၏ အတည်ပြုချက်ရယူကာ ဖွဲ့စည်းပေးခဲ့ကြသည်။ အဆိုပါအသင်း အမှုဆောင်သစ်အဖွဲ့ကို သထုံမြို့နှင့် သုဝဏ္ဏဝတီမြို့တို့ရှိ ဆန်စက် လုပ်ငန်းရှင်များအနက်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်စစ် တစ်ဦးစီတို့နှင့် အဖွဲ့ဝင် (၅) ဦး စုစုပေါင်း (၁၁) ဦးတိုဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ DOCA (မွန်)