Main menu

မအူပင်မြို့နယ်တွင် အုန်းသီဈေးမြင့်တက်လျက်ရှိ

Powered by Drupal
မအူပင်မြို့နယ်တွင် ၂၀၂၅ခုနှစ် မေလမှ စ၍ အုန်းသီးဈေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ အုန်းသီးများကို ရွှေတော်ပေါ်ကျေးရွာတွင် အများဆုံး စိုက်ပျိုးကြောင်း သိရပြီး အုန်းသီးပင် အပင်ပြတ်ဝယ်ကာ ခူးယူရောင်းချကြောင်း အုန်းသီးရောင်းသူထံမှ သိရသည်။ အုန်းသီးမှာ ရိုးရိုးအုန်းသီးဖြစ်ပြီး ရွှေတောင်ပေါ်ကျေးရွာရှိ ခြံများတွင် တစ်ခြံလျှင် အပင် ၂၀ခန့် စိုက်ပျိုးထားကြပြီး ရွှေတော်ပေါ်ကျေးရွာတွင်အပင်ပေါင်း ၈၀၀ နီးပါးခန့်ရှိသည်။ ကျေးရွာအတွင်း အပင်များကို လိုက်လံဝယ်ယူသူ ကုန်သည်ရှိပြီး အုန်းသီးများကို မအူပင်မြို့သို့ ဂွန်ဒေါင်းဖြင့် တင်ပို့ ရောင်းချသည်။ အုန်းသီး ၁လုံးလျှင် လက်ကားဈေး ၃၀၀၀ကျပ်ဖြင့် ဝယ်ယူရပြီး ပြန်လည် ရောင်းချပါက ၁လုံးလျှင် ၄၀၀၀ကျပ်ထိ ဈေးရောင်းချရကြောင်း အုန်းသီးလှ ၍ ဘုရားပွဲ၊ နတ်ပွဲသုံး အုန်းသီး ရောင်းချဈေးမှာ ၁လုံးလျှင် ၆၀၀၀ကျပ်ထိ ဈေးကောင်းကြောင်း သိရသည်။ အုန်းပင် ၁ပင်တွင် အုန်းခိုင် ၅ခိုင်မှ ၇ခိုင် ခန့် ထွက်ရှိပြီး အုန်း တစ်ခိုင်တွင် အုန်းသီး ၇လုံး၊ ၁၀လုံးခန့်ထွက်ရှိကြောင်း သိရသည်။ အုန်းသီးများကို ရန်ကုန်သို့လည်း တင်ပို့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)