Main menu

သုခကမ္ဘာ (ကုန်စုံဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၁၆.၇.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက် အတွင်းရှိ သုခကမ္ဘာ(ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ လာဘ်လာဘ အမှတ်တံဆိပ်ပါ အထူးစပါယ်ရှယ်ကြက်ဥမရွေး သည် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာ သာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အ သား ဖော်ပြထားရှိ ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင် လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်ပစ္စည်းများကို ဝယ်ယူဖြန့်ဖြူး ရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။ DOCA(ကချင်)