Main menu

မော်လမြိုင်မြို့နယ်အတွင်းရှိ ဆိုင်ကယ် Show Room များတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal
၄.၇.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်မြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ ဆိုင်ကယ် Show Room များတွင် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် မော်လမြိုင်မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ အာမခံပေးထားသည့်အတိုင်း ဝန်ဆောင်မှုအပြည့် အဝဆောင်ရွက်ပေးရန် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီမှန်ကန်သော ကုန်စည်များအား ရောင်းချနိုင်ရေး ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဖော်ပြချက်များနှင့် ကိုက်ညီသော ကုန်စည်များအား ရောင်းချစေရေး အာမခံပေးထားသည့်ကာလအတွင်း တစ်စုံတစ်ရာချို့ယွင်း၊ ပျက်စီးထိခိုက်နစ်နာမှုရှိပါက သတ်မှတ်ချက်အတိုင်း အမှန်တကယ် ဆောင်ရွက်ပေးရန်၊ ပြုပြင်ပေးရန်၊ လျော်ကြေးပေးရန်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကတိပြု ထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ DOCA (မွန်)