
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဈေးရပ်ကွက်ဈေးလမ်းတွင် ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၏ ဈေးဆိုင်များတွင်ယနေ့ ၇.၁၀.၂၀၂၅ နေ့ရောင်းချ လျက်ရှိသော ကုန်စည်၊ သားငါး၊ ဟင်းရွက်ဟင်းသီးဈေးနှုန်းများမှာ ဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ဆန် (၂အိတ်) ၊ ဆီတစ်ပိဿာလျှင် (၆၆၀၀) ကျပ်နှုန်းဖြင့်ဆီ (ပိဿာ ၄၂) ၊ ကြက်ဥတစ်လုံးလျှင် (၃၁၀) ကျပ်နှုန်းဖြင့် ကြက်ဥ (၃၀၀) လုံး၊ ဝက်သားတပိဿာ လျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် (၂၅) ပိဿာ ၊ ကြက်သားမွေးမြူရေးတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်နှုန်းဖြင့် (၂၅) ပိဿာ၊ အမဲသား တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်နှုန်းဖြင့် (၁၅) ပိဿာ၊ဝက်သား တစ်ပိဿာ လျှင်(၁၂၀၀၀/)ကျပ်ဈေးနှုန်းဖြင့်ဝက်သား(၂၅)ပိဿာ၊ဆိတ်သားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်နှုန်းဖြင့်(၃)ပိဿာ၊ငါးမြစ်ချင်းတစ်ပိဿာလျှင် (၄၀၀၀) ကျပ် နှုန်းဖြင့် (၂၅) ပိဿာ၊ သခွားသီး၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ပြောင်းဖူး၊ ရုံးပတီသီး၊ ဗူးညွန့်၊ သံပုရာသီး၊ ချဉ်ပေါင်ရွက်၊ငှက်ပျောသီး၊ ကန်စွန်းရွက် စသော အသီးအနှံများနှင့် ကြက်သွန်နီ၊ အာလူး၊ပန်းမံများကို ပြည်သူများအား ချိုသာသောဈေးနှုန်းဖြင့် လိုအပ်သလောက် နေ့စဉ် ဝယ်ယူရရှိနိုင်ပြီး၊ သာယာဝတီမြို့နယ်၏ ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ ရောင်းချပေးသော အရောင်း ဈေးဆိုင်များ တွင်ဝယ်ယူရရှိနိုင်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)