Main menu

၂၀၂၅ခုနှစ် ဇွန်လ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ပြည်ခရိုင်အတွင်း အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုများအား စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိ

Powered by Drupal
စားသုံးသူများ အသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စားသုံးသူရေးရာဦးစီးမှူးရုံး၏ လမ်းညွှန်ချက်များအရ အစားအသောက် ပြုပြင်ရောင်းချသည့် နေရာများ မသန့်ရှင်းခြင်း၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ အစားအသောက်များ သန့်ရှင်း လတ်ဆက်မှုမရှိခြင်း စသည့် အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်သည့် ကျန်းမာရေး ပြဿနာများမှ စားသုံးသူအား ကာကွယ်ရန်၊ စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင် မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များ ကိုအသိပေး ဖော်ပြစေခြင်းဖြင့် စားသုံးသူအခွင့်အရေးရရှိစေရန် နှင့် ရောင်းချသည့် စားသောက် ဖွယ်ရာများ၏ အမျိုးအစား၊အရွယ်အစား၊ပမာဏအလိုက် ဈေးနှုန်းအားပွင့်လင်းမြင်သာစွာ ကြိုတင် အသိပေး‌ ဖော်ပြထားခြင်းဖြင့် စားသုံးသူတို့၏ အခွင့်အရေးကို ကာကွယ်ရန် ရည်ရွယ်၍ ၂၀၂၅ခုနှစ် မေလအတွင်း အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးရန် အကြောင်းကြားမှုအပေါ် ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ပြည်မြို့နယ်တွင် ခေတ္တရာမြို့သစ်ရပ်ကွက်၊ ဂိတ်ကြီးဝန်းရှေ့ရှိ “မင်းသားကြီး”စားသောက်ဆိုင်လုပ်ငန်း၊ မြို့သစ်အဝင် လမ်းမကြီးရှိ “လကမ္ဘာ”စားသောက်ဆိုင်လုပ်ငန်း၊ ခေတ္တရာမြို့သစ်(၁၁)လမ်းရှိ “Gold Light” စားသောက်ဆိုင်လုပ်ငန်း၊ ဗိုလ်ချုပ်လမ်းရှိ “Prome Garden” စားသောက်ဆိုင်လုပ်ငန်း၊ ကမ်းနားလမ်းရှိ “Wish” စားသောက်ဆိုင်လုပ်ငန်း၊ မိကျောင်းရဲ၊ ဆင်စုရပ်ကွက်ရှိ “Emperor-9” စားသောက်ဆိုင်၊ ခေတ္တရာမြို့သစ်(၁၁)လမ်းရှိ “လိုတရ” လက်ဖက်ရည်နှင့်စားဖွယ်စုံလုပ်ငန်း၊ ပြည်တက္ကသိုလ်ရှေ့ရှိ “ရွှေကံကော်” လက်ဖက်ရည်နှင့်စားဖွယ်စုံလုပ်ငန်း၊ ကမ်းနားလမ်းရှိ “ဆိပ်ကမ်းသာ” လက်ဖက်ရည်နှင့်စားဖွယ်စုံလုပ်ငန်း၊ ရွှေတောင် မြို့နယ်တွင် ကြာနီကန်ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ “ရွှေသရဖူ” စားသောက်ဆိုင်လုပ်ငန်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင် လမ်းမတော်ရှိ “စပါယ်ရှယ်” စားသောက်ဆိုင်လုပ်ငန်း၊ ပေါက်ခေါင်းမြို့နယ်တွင် အမှတ်(၁)ရပ်ကွက် ရှိပြည်-တောင်ငူလမ်းပေါ်ရှိ “အောင်မြေ” စားသောက်ဆိုင်လုပ်ငန်းများသို့ သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မိမိတို့ခရိုင်/မြို့နယ်များရှိ မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ခရိုင်FDAဌာန၊မြို့နယ်ထွေ/အုပ်၊ မြိုနယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများနှင့် ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ သန့်ရှင်းလတ်ဆက်မှုရှိ/မရှိ၊ စားသောက်ဆိုင်များသည် မိမိတို့ဆိုင် များမှပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေး ဖော်ပြခြင်း ရှိ/မရှိနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာ များ၏ အမျိုးအစား၊အရွယ်အစား(size)ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်ဖော်ပြထားခြင်းရှိ/မရှိ ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ သန့်ရှင်းလတ်ဆက်မှုရှိခြင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သီးခြားရယူထားမှုမရှိခြင်းနှင့် ဈေးနှုန်းများ ဖော်ပြထားသည့် Menuစာရွက်များကို စားပွဲများတွင်တင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပါကြောင်း နှင့်အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းများ အနေဖြင့် စားသုံးသူများအား ဝန်ဆောင်မှုပေးရာတွင် စားသုံးသူစိတ် ကျေနပ်မှုရှိစေရေး၊ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု မဖြစ်စေရေးတို့ကို ဦးစားပေး ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ DOCA(ပဲခူး)