
မုန့်ဟင်းခါးခြောက်သည် တာရှည်စွာ အထားခံသည့်အပြင် ပွက်ပွက်ဆူသော ရေနွေးတွင် မိနစ်အနည်းငယ်ပြုတ်ရုံဖြင့် စိတ်ကြိုက်အလွယ်တကူ သုတ်စားနိုင်သဖြင့် လူကြိုက်များသည့် စားသောက်ကုန်ဖြစ်ပြီး ဈေးနှုန်းလည်း သင့်တင့်သဖြင့် ဈေးကွက်အတွင်း ရောင်းအားကောင်းလျက် ရှိသည်။
မုန့်ဟင်းခါးခြောက်သည် ယခင်က တစ်ထုတ်လျှင် ၇၅၀ကျပ် ဖြင့် ရောင်းချရာ ယခုအခါ ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ် တက်သွားပါသည်။ မုန့်ဟင်းခါးခြောက်ကို မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိရာ မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံအထိ တင်ပို့လျက် ရှိကြောင်း သိရပါသည်။
မုန့်ဟင်းခါးခြောက်သည် ဆန်မှအခြေခံထုတ်လုပ်သည့် တန်ဘိုးမြှင့်ထုတ်ကုန်တစ်မျိုး ဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနသို့ ကုန်အညွှန်းအမှတ်အသားများ စိစစ်ပေးနိုင်ပါရန် တင်ပြသည့်စာရင်းအရ လုပ်ငန်းရှင်(၁၂)ဦးက အမှတ်တံဆိပ်(၂၄)မျိုးဖြင့် ထုတ်လုပ်ထားသည် ဟုလည်း သိရှိရသည်။
DOCA(ပဲခူး)