
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်သော ခရိုင်ဦးစီး မှူးရုံးမှ စစ်ဆေးရေးမှူးများသည် (၁၀.၇.၂၀၂၅) ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့ဝင် များနှင့်အတူ တောင်ငူမြို့ရှိ ကုန်စုံဆိုင်ကြီးများ၌ သွားတိုက်ဆေးများရောင်းချနေမှုများကို ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ပူးပေါင်းအဖွဲ့သည် ဈေးကွက်အတွင်း ရောင်းချနေသော သွားတိုက်ဆေးများ၌ အမှတ် တံဆိပ်ကို အတုအပပြုလုပ်ရောင်းချခြင်းရှိ/မရှိ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးကြည့်ခဲ့ပါသည်။ ခရိုင်ဦးစီးမှူးသည် မြန်မာစာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားပါရှိခြင်း မရှိသော ကုန်ပစ္စည်းများနှင့် တရားမဝင် ကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုရန် ဆိုင်ပိုင်ရှင်များအား အသိပညာ ပေးပြောကြားခဲ့ ပါသည်။
ပူးပေါင်းအဖွဲ့တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးတင်ဦး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာမှ ဦးစီးအရာရှိ ဦးဝင်းဗိုလ်ဗိုလ်ထွန်း၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယကြီးကြပ်ရေးမှူး ဒေါ်ခင်ကင်းစင်ကျော်နှင့် တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယ ဦးစီးမှူး ဒေါ်သန်းသန်းဌေးတို့ ဦးဆောင်သော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပူးပေါင်း ပါဝင် ဆောင်ရွက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)