Main menu

ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ဇွန်လ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

Powered by Drupal
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ဇွန်လ(၉)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “ကျောက်မဲ” လဖက် နှင့် အကြော်ဆံမျိုးစုံ လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ ဆုံခြင်း(၁)ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ နှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပါယ် ဖွင့်ဆိုချက် ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန် ထားသော အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများ ကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှု ပြစ်ဒဏ်များ အကြောင်း နှင့် ကုန်အညွှန်းအမှတ်အသားများ လျှောက်ထားဆောင်ရွက်ရန် တိုက်တွန်း ပြောကြားခဲ့ပြီး မိမိတို့ဌာနမှ အခမဲ့ကူညီဆောင်ရွက်ပေးနေကြောင်း အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား နှင့်ပတ်သက်သည့် အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)