
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Global Good Pure Group ကုမ္ပဏီမှ (၂၇.၆.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 6D-4521 တွင်စားအုန်းဆီပေပါ(၉၁) သည် (၂.၇.၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း မြိတ်ခရိုင်ဆီကိုယ်စားလှယ်ထံမှသိရှိရသဖြင့် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ကုန်ကျ စရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)