
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဝန်ထမ်းစုပေါင်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တွင် ဒေသထွက်ကုန်များ၊ အသား/ ငါး၊ ဟင်းသီးဟင်းရွက်များ၊ လူ့အသုံးအဆောင်ပစ္စည်းများနှင့် ကျေးရွာ တစ်ရွာထုတ်ကုန်တစ်မျိုးဖြစ်သည့် ဒေသထွက် လက်မှုပစ္စည်းများ လာရောက် ရောင်းချလျက် ရှိပါ သည်။ ဒေသထွက် လက်မှုပစ္စည်းများထဲမှ ဂျုံခမောက်နှင့် ဝါးခမောက်များ အရောင်းသွက်လျက် ရှိကြောင်း သိရသည်။ ဂျုံခမောက်ဈေးနှုန်းများအနေဖြင့် အသေး( ၁ )လုံးလျှင် ( ၄၅၀၀ ) ကျပ်၊ အကြီး ( ၁ )လုံးလျှင် (၆၀၀၀) ကျပ်နှင့် အကြီး ( ၁ )လုံးလျှင် ( ၇၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဝါး ခမောက် ( ၁ ) လုံးလျှင် (၅၀၀၀)ကျပ်မှ ( ၉၀၀၀) ကျပ်ထိ ဖြင့် ဈေးနှုန်းအသီးသီးနှင့် ရောင်းချလျက် ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)