
သရက်သီး ရာသီချိန်ကုန်တော့မည် ဖြစ်သော်လည်း ရင်ကွဲသရက်နှင့် ပတ္တမြားငမောက် သရက်သီးများမှာ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ပတ္တမြားငမောက် သရက်သီးများသည် အလုံး အရွယ်အစားကြီးပြီး အသားထူသောကြောင့် လူကြိုက်များသည်။ ပတ္တမြားငမောက် သရက် မျိုးများကို မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက် ဒေသများရှိ ကျေးရွာများမှ စိုက်ပျိုး၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဈေးတို့တွင် လာရောက် ရောင်းချလျက်ရှိရာ ဇွန်လ စတုတ္ထ ပတ်တွင် ဖြစ်ပေါ်နေသော ပတ္တမြားငမောက်သရက်သီးဈေးနှုန်းများအနေဖြင့် ( ၁ )လုံးလျှင် ( ၅၀၀ ) ကျပ်၊ ( ၁ ) ပိဿာလျှင် ( ၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက်လျက်နေကြောင်း သိရသည်။
DOCA(စစ်ကိုင်း)