ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကြိတ်ခွဲထုတ်လုပ်မှုအများဆုံးရှိနေသော မိုးစပါး (ဟောင်း)မနောသုခ ၁၄ ပိဿာ တစ်တင်းလျှင် (၂၁၀၀၀)ကျပ်ရှိနေပြီး၊ မနောသုခ ဆန်စက်ကျ တစ်အိတ်(၆၇၀၀၀)ကျပ်မှ (၇၀၀၀၀)ကျပ်အတွင်း ဈေးနှုန်းဖြစ်ပေါ်လျက် ရှိပါသည်။ ဈေးကွက် များအတွင်း ဝယ်ယူသုံးစွဲမှုပိုမိုလာသည့် ဧရာမင်းနှင့် မဂျမ်းတောဆန်များ တစ်အိတ် လျှင် (၁၃၀၀၀၀) ကျပ်ဈေးနှုန်းရှိနေပြီး၊ ထိုင်းနှံကောက်(အဟောင်း) တစ်ပြည်လျှင် (၂၅၀၀)ကျပ်ဖြင့် ရောက်းချနေမှုများကိုလည်း တွေ့ရပါသည်။
ဒေသတွင်း ဈေးကွက်များတွင် မနောသုခဆန် မိုး(ဟောင်း)အား (၁)နှစ် ဟောင်း၊ (၂)နှစ် ဟောင်း အနေအထားမျိုးဖြင့် ရောင်းချနေမှုများကိုတွေ့ရပြီး၊ ရေတာ ရှည်မှ (မှင်ဘို)၊ ရန်ကုန်မှ (အောင်မြတ်ကျော်) တံဆိပ်အမျိုးအစာများ ရောင်းအား ကောင်းမွန်နေသည်ကို တွေ့ရှိရ ပါသည်။ မိုးစပါး(ဟောင်း)ဈေးနှုန်းတည်ငြိမ်နေပြီး၊ အောက်တိုဘာဒုတိယပတ်ခန့်တွင် မိုးစပါး(သစ်) ပြန်လည်ထွက်ရှိလာမည် ဖြစ်သဖြင့် ဈေးနှုန်းတည်ငြိမ်မှုကို အများဆုံတွေ့ရှိနေရမည် ဖြစ်ပါသည်။ ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်လာမှုကြောင့် ပေါ်ဆန်းမွှေး (ရွှေဘို) ပိုမိုဝင်ရောက်လာမှုကို တွေ့ရပြီး၊ ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ဧရာဝတီပေါ်ဆန်း အရည်အသွေး ပိုမိုကောင်းမွန်မှု ရှိလာသည်ကို တွေ့ရပါသည်။ ရွှေဘိုမှ ပေါ်ဆန်းဝင်ရောက်မှုတွင် ဘုရင်မ၊ မွန်မွန်၊ တိုးတိုး တံဆိပ်များ လူသုံးများခဲ့ပြီး၊ ဧရာဝ တီမှ ဝင်ရောက်လာသည့် ပေါ်ဆန်းမွှေးနှင့် ကျားပျံတို့ကိုလည်း သုံးစွဲမှု ပိုမိုလာသည်ကို တွေ့ရပါသည်။ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတောကဲ့သို့ အထူးဧည့်မထအုပ်စုဝင် ဆန် များကိုလည်း ဝယ်ယူသုံးစွဲမှုများလာသဖြင့် ပေါ်ဆန်းမွှေးသုံးစွဲမှု လျော့ကျလာမှုနှင့် အတူ ဈေးနှုန်းလျော့ကျမှုရှိလာကြောင်း သိရှိရပါသည်။
DOCA(နေပြည်တော်ကောင်စီ)
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပေါ်နေသည့် ဧည့်မထဆန်နှင့် ပေါ်ဆန်းမွှေး ဈေးနှုန်း/ဈေးကွက် အခြေအနေ
Powered by Drupal