Main menu

ထားဝယ်မြို့၏ မုန်ညင်းထုပ်စျေးနှုန်း

Powered by Drupal

မုန်ညင်းထုပ်သည် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် အာရှတိုက် တစ်ဝန်းလုံးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင်လည်း ဒေသမရွေးစိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ မုန်ညင်းထုပ်များသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံးနိုင်သောသီးနှံတစ်မျိုး ဖြစ်သည့်အတွက် စိုက်ပျိုးသူတောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချနိုင်ပြီး ဝင်ငွေကောင်းသော သီးနှံပင် တစ်မျိုးလည်း ဖြစ်ပါသည်။
ထားဝယ်မြို့ပေါ်ရှိ မြို့မဈေးကြီးနှင့်ရပ်ကွက်ဈေးများတွင် မေးမြန်းသိရှိရသောဈေးနှုန်းများ အရ မုန်ညင်းထုပ်တစ်ထုပ်လျှင် (၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ်ခန့်ရှိသဖြင့် မိသားစုအပိုဝင်ငွေများရရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)