
ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်းသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့၊ နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်များဈေးနှုန်း မြှင့်တင်ရောင်းချမှုများ မရှိစေရန် ကွင်းဆင်းစစ်ဆေးပြီး အခြေခံစားကုန်ဈေးနှုန်းစာရင်း ကောက်ယူမှုများပြုလုပ်ခဲ့ပါသည်။
အခြေခံစားသောက်ကုန်များဖြစ်သော (အသား၊ ငါး)များအား အဆမ တန်ဈေးနှုန်းမြင့်တင် ရောင်းချခြင်းများ မပြုလုပ်ရန်၊ စည်ပင်သတ်မှတ်ဈေးနှုန်းနှင့် အမှန်တကယ် စားသုံးသူထံ ရောင်းချ သောဈေးနှုန်းများ ကိုက်ညီမှုရှိစေရန် စသည်တို့အား ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကယား)