Main menu

ကန့်ဘလူမြို့နယ်၌ ရောင်းချလျက်ရှိသော မုန့်ညှင်းရွက်ဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာစားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ် ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန့်ညှင်းရွက်တစ်စီးလျှင် (၃၀၀)ကျပ်၊ မုန့်ညှင်းရွက်(၂)စီးလျှင် (၅၀၀)ကျပ်နှင့် မုန့်ညှင်းရွက်(၄)စီးလျှင် (၁၁၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ မုန့်ညှင်းရွက်ကို အိမ်ရှင်မများ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များစသည့်တို့မှ ဝယ်ယူအသုံးပြုသည့်အတွက် အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ မုန့်ညှင်းရွက်ရောင်းချရသည့် အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)