
ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင် ရာသီစာသီးနှံဖြစ်သည့် မန်ကျီးသီးစိမ်းနှင့် ကြောင်လျှာသီး များကို စတင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန်ကျည်းသီးစိမ်းများမှာ ပေါ်ခါစဖြစ်၍ အတောင့်များမှာ သေးငယ်ပြီး ဈေးကောင်းရရှိရန် ခူးယူပြီးရောင်းချကြသဖြင့် ချက်ပြုတ်ရာတွင် အနည်းငယ် ချွဲကျိတတ်ပါသည်။ ဇွန်လ၏ လလည်တွင် စတင်ပေါ်ပြီး ပေါ်ခါစတွင် ရောင်းချသော ပေါ်ဉီးပေါ်ဖျား ရာသီစာမန်ကျီးသီးဈေးနှုန်းမှာ နို့ဆီဗူး (၁)ဗူးလျှင် (၂၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချ လျက်ရှိပြီး၊ ဗူး(၁)ဝတ်လျှင် (၁၃၀ဝိ/-)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကြောင်လျှာသီးအရွယ်အစား ပေါ် မူတည်၍ (၁)တောင့်လျှင် (၁၅၀၀)ကျပ်၊ (၁၃၀၀)ကျပ်၊ (၁၀၀၀)ကျပ်ဖြစ် ရောင်းချလျက်ရှိကြောင်း၊ မန်ကျီးသီးစိမ်းနှင့်ကြောင်လျှာသီးများကို ရွှေဘိုမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ လာရောက် ရောင်းချကြောင်း သိရှိရပါသည်။
Doca(စစ်ကိုင်း)