Main menu

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆန်၊စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ၂၃.၆.၂၀၂၅ ရက်နေ့ ၊ မွန်းလွှဲ (၃း၀၀) အချိန်က တိုင်းဒေသကြီးဦးစီးမှူးသည် ဆန်၊ စပါး သိုလှောင်ရုံ လုပ်ငန်းရှင် အသင်းဥက္ကဌနှင့် လုပ်ငန်းရှင်များက သိလိုသည်များ လာရောက်မေးမြန်းမှုအပေါ် လုပ်ငန်းဆောင်ရွက် ရန် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
တိုင်းဒေသကြီးဦးစီးမှူးက ဆန်၊ စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် MyRo တွင် မှတ်ပုံတင်ထားပြီးသည့် သိုလှောင်ရုံစာရင်း (၁၂၄)လုံးသာ မှတ်ပုံတင်ထား ရှိပြီးဖြစ်သဖြင့် ကျန်ရှိနေသော သိုလှောင်ရုံများ မပျက်မကွက်ဆက်လက် မှတ်ပုံတင်နိုင်ရေးနှင့် ဆန်စပါးမူဝါဒများထွက်ရှိလာမည်ဖြစ်၍ ဈေးနှုန်းဈေးကွက် ကောင်းမွန်စေရေး အဓိကထား လုပ်ဆောင်နိုင်ပြီး၊ အသင်းအဖွဲ့များ ဖွဲ့စည်း၍ အားကောင်းစွာ ဆောင်ရွက်ပါက ဆန်/ စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ ဆန် ၊စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကို အမိန့်အမှတ် ၈၂/၂၀၂၄ ၂၀၂၄ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ဆန်တန် ၂၅ တန်နှင့် အထက် စပါးတင်း ၂၅၀၀နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူသည် MyRoတွင် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်လျောက်ထားရမည်ဖြစ်ပါကြောင်း၊ မူလခွင့်ပြုထားသည့် စာရင်းအချက်အလက်များပြုပြင်ပြောင်းလဲလိုပါက သတ်မှတ်ချက်နှင့်အညီ လျောက်ထားရမည် ဖြစ်ကြောင်း၊ မှတ်ပုံတင်ခွင့်ပြုပြီး သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်း များအား လစဉ် (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း သက်ဆိုင်ရာမှတ်ပုံတင်ပြီးသည့် အကောင့်များတွင် Update စာရင်းအား မပျက်မကွက်ထည့်သွင်းကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းနှင့် မှတ်ပုံတင်ရန် ကျန်ရှိနေသေားသော သိုလှောင်ရုံများရှိပါက ထပ်မံပါဝင်နိုင်ရေး အသိပေးနှိုးဆော်ဆောင်ရွက်ရန် လုပ်ငန်းရှင်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)