
နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အာဟာရဓာတ်များစွာပါဝင်သည့်အသီးတစ်မျိုး ဖြစ်ပါသည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့်အသီးဖြစ်သည့် အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည်ဖြင့်ပြုလုပ်စားသုံးကြပါသည်။ ထို့ပြင် နာနတ်သီးကို တာရှည်ခံအောင်ပြုလုပ်ပြီး စည်သွပ်ဘူးအနေဖြင့် ထုတ်လုပ်ကာ ဟင်းလျာများတွင်လည်း ထည့်သွင်းစားသုံးကြပါသည်။ ပြည်မြို့ရှိ ဈေးများထဲတွင်ရောင်းချနေသောနာနတ်သီးများမှာ ပြည်မြို့အနီးတဝိုက်ရွာများဖြစ်သည့် မှော်ဇာ၊ ထန်းပေါက်ရွာများဘက်မှ အဝင်ရှိပြီး ပန်းတောင်းဘက်မှလည်း လာရောက်ရောင်းချကြကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် နာနတ်သီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း သိရပါသည်။
DOCA(ပဲခူး)