
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ ညွှန်ကြားချက်အရ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂၃.၆.၂၀၂၅) ရက်နေ့တွင် မုံရွာမြို့နယ်တာဝန်ခံနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း(၁)ဦးတို့ မှ ဦးဆောင်၍ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့် ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များသို့ “Signal” အမှတ်တံဆိပ်သွားတိုက်ဆေးအတုများ ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရ ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြိုပေါ်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်များ Signal” အမှတ်တံဆိပ် သွားတိုက်ဆေးအစစ်နှင့် သွားတိုက်ဆေးအတု၏ အသေးစိတ် အချက်အလက်များ အသိပညာပေးခြင်းနှင့် နောင်တွင် “Signal” အမှတ်တံဆိပ် သွားတိုက်ဆေး အတုများ ရောင်းချခြင်း မပြုရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင် များပေးဝေခဲ့ ကြောင်းသတင်းရရှိ ပါသည်။
DOCA(စစ်ကိုင်း)