Main menu

ပြည်ပဲဈေးကွက်တွင် ပဲပုတ်ဈေးငြိမ်

Powered by Drupal

ပြည်ခရိုင်အနေဖြင့် ပဲပုတ်ကို မိုးရာသီနှင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပြီး ဆောင်းရာသီတွင် ပို၍စိုက်ပျိုးကြပါသည်။ ပဲပုတ်ကို ပဲပုတ်ကိုဆီအဖြစ်စားသုံးကြသလို ပဲပင်ပေါက်၊ ပဲဟင်း၊ ဗယာကြော်၊ ပဲပုတ်ပြား၊ ပဲပြား၊ ပဲငံပြာရည်၊ ဆီတို့ဖူး စသည်ဖြင့် အမျိုးမျိုး ပြုလုပ်၍ စားသုံး ကြပါသည်။ ပြည်မြို့ရှိ ပွဲရုံများနှင့် ဈေးကွက်များတွင် ရောင်းချလျှက်ရှိသော ပဲပုတ်ဈေးနှုန်းများမှာ ဇူလိုင်လဆန်းတွင် ပိဿာ(၂၀)တစ်တင်းလျှင် (၁၂၅၀၀၀)ကျပ်ဖြင့် ယခင်မေလ ကုန်အပတ် ကအတိုင်း ဈေးငြိမ်နေခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဒေသတွင်း ဒေသတွင်း စားသုံးသူအချို့သာ ဝယ်ယူမှုရှိပြီး လက်လီဝယ်ရောင်းသမားများကြောင့် တစ်နေ့လျှင် အိတ် ၃၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)