Main menu

ပခုက္ကူမြို့၌ အွန်လိုင်းဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် အခြေခံလိုအပ်ချက်များအပါအဝင် အခြားသိကောင်းစရာများအား သိရှိစေရန် ရည်ရွယ်၍ (၂၆.၆.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အဝတ်အထည်များရောင်းချသည့် လုပ်ငန်းရှင်ထံသို့သွားရောက်၍ ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းရာတွင် အွန်လိုင်းဖြင့်ရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်း မှတ်ပုံတင်ထားရန်လိုအပ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ထားခြင်းဖြင့် မိမိတို့ရောင်းချနေသော အဝတ်အထည်၊ အစားအသောက်၊ အလှကုန်ပစ္စည်းများမှာ အာမခံချက်များရရှိမည်ဖြစ်ကြောင်း၊ မှတ်ပုံ တင်လျှောက်ထားရန်အတွက် အခြေခံလိုအပ်ချက်များအပါအဝင် အခြားသိကောင်းစရာများနှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)