Main menu

ပခုက္ကူမြို့ပေါ်ရှိ စားသောက်ဆိုင်များအား ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍အသိပညာပေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် (၂၅.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပခုက္ကူ မြို့ပေါ်ရှိ စားသောက်ဆိုင်များအား ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းရာတွင် စားသောက်ဆိုင်များအား ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိစေရန်၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရေ သန့်ရှင်းမှုများ ရှိစေရန်၊ မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြစေရန်၊  စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ် အစားပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး ဖော်ပြထားရန်လိုအပ် ကြောင်း၊ သို့မှသာ စားသုံးသူ၏အခွင့်အရေးများ ရရှိလာမည်ဖြစ်ပြီး  စားသောက်ဆိုင်၏ ဂုဏ်သတင်း များမှာလည်း ကျော်ကြားလာမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)