Main menu

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေ

Powered by Drupal

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးထားရှိမှုများ ဖြိုင်ဖြိုင်ရှိနေပါသည်။ ဇွန်လတတိယအပတ်အတွင်း ရိတ်သိမ်းရန် အနေအထားများရှိခဲ့သော်လည်း မိုးရွာသွန်းမှု များခဲ့သဖြင့် ရိတ်သိမ်းနိုင်မှု မရှိခဲ့သည်ကို တွေ့ရှိရပါသည်။ ဇွန်လစတုတ္တအပတ်အတွင်း ရာသီဥတု ကောင်းမွန်ခဲ့သဖြင့် ရိတ်သိမ်းနိုင်မှု အလွန်အားကောင်းခဲ့သည်ကို တွေ့ရှိနေရပါသည်။ တပ်ကုန်းနှင့် ဇေယျာသီရိမြို့နယ်တို့တွင် ရိတ်သိမ်းမှုပမာဏ တူညီစွာရှိနေပါသည်။
နွေစပါးရိတ်သိမ်းမှုစက်ချွေအကျ (အစို) တစ်တင်း (၁၅) ပိဿာတွင်း (15000) ကျပ်ဈေး နှုန်းရှိနေပါသည်။ ပျဉ်းမနားနှင့် သာဝတ္ထိ (လယ်ဝေး) မြို့နယ်များရှိ ဆန်စက်များမှ ဝယ်ယူမှုများခဲ့ ပါသည်။ နွေစပါးရိတ်သိမ်းမှု ဇူလိုင်လကုန်အထိ တွေ့ရှိနေရမည် ဖြစ်ပါသည်။ မိုးစပါးရောင်းဝယ်မှု များတွင် (၁၄) ပိဿာ တစ်တင်းဈေးနှုန်း (21000) ကျပ်ဖြင့် တည်ငြိမ်မှုရှိနေပြီး တောင်သူလက် ဝယ်ကျန်ရှိနေမှုအားကောင်းနေဆဲ ဖြစ်သည်ကို သိရှိရပါသည်။
နွေစပါးရိတ်သိမ်းမှုများခဲ့ပြီး စပါးဝယ်ယူနေမှု နည်းပါးသည်ကို သိရှိရပါသည်။ နွေစပါး တစ်ဧကရိတ်သိမ်းခ (130000) ကျပ်ကုန်ကျပြီး သယ်ယူစရိတ်(30000) ကျပ်ခန့် ကုန်ကျနေသည်ဟု သိရှိရပါသည်။ ဇေယျာသီရိမြို့နယ်တွင် နွေစပါးအထွက်နှုန်း (130) တင်းဝန်းကျင်ထွက်ရှိနေသော်လည်း တပ်ကုန်းမြို့နယ်တွင် (100) တင်းထွက်ရှိမှုကို သိရှိရပါသည်။
DOCA(နေပြည်တော်)