
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သဘာဝအရပေါက်ရောက်သည့် တောမှိုများဖြစ်သည့် ဒေါင်းဖြူ/ဒေါင်းဝ မှို၊ မှိုအိုးမဲ၊ မှိုဖြူပါး၊ မှိုကြောညို နှင့် မှိုချဉ်ပေါင် တို့ကိုလိုက်ရှာပြီး ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။
တောမှိုများသည် မိုးရွာသွန်းမှုနည်းသွားသည့်အတွက် ရှားပါလာပါသည်။ မိုးရွာသွန်းမှု အားကောင်းသည့်ကာလတွင် လှိုင်လှိုင်ထွက်ရှိပြီး ယခုအခါမှာပင် အနည်းငယ်သာရှိပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော တောမှို ဈေးနှုန်းအနေဖြင့် တောမှို လက်လီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ တောမှို(၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ် နှင့် တောမှို(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းသော်လည်း လူကြိုက်များပြီး အရောင်းအဝယ် သွက်လျက် ရှိကြောင်း တောမှိုရောင်းချသူထံမှ သိရသည်။
Doca(စစ်ကိုင်း)