Main menu

ရွှေဘိုမြို့၏ နဂါးမောက်သီးဈေးနှုန်းဈေးကွက်

Powered by Drupal

ရွှေဘိုမြို့ ဈေးကွက်အတွင်းတွင် ဇွန်လနောက်ဆုံးပတ်မှစတင်၍ နဂါးမောက်သီးများ စတင်ဝင်ရောက်လာကာ၊ ဒေသတွင်း ရွှေဘို မြို့အနီးတဝိုက်ရှိ ‌ကျေးရွာများမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထွက်ရှိသော နဂါးမောက်သီး များအပြင် ပြင်ဦးလွင်မြို့၊ ကျောက်ပန်း တောင်းမြို့နှင့် ပုပ္ပါးမြို့တို့မှ နဂါးမောက်သီး များကိုလည်းမှာယူ၍ ရောင်းချလျက်ရှိပါသည်။
နဂါးမောက်သီးများကို ခြင်းပြတ်စနစ်ဖြင့် တစ်ဆင့်ဝယ်ယူရပြီး အလုံး အကြီး/ အသေးပေါ် မူတည်၍ နဂါးမောက်သီးအကြီးတစ်လုံးလျင် (၁၅၀၀)ကျပ်၊ အလတ်တစ်လုံး လျင်(၁၂၀၀)ကျပ်၊ အသေးတစ်လုံးလျင်(၈၀၀)ကျပ်ဈေးနှုန်းဖြင့် အသီးသီးရောင်းချရကြောင်း၊ နဂါးမောက်သီးများကို ဈေးအတွင်း လက်လီရောင်းချသော ဈေးသည်များကို ဖောက်သည် ပေးသည့် အပြင်၊ သစ်သီးဖျော်ရည်ရောင်းချသည့် ဆိုင်များက ဝယ်ယူကြောင်း၊ ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းရှိ သစ်သီးရောင်းချသူတစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)