Main menu

ထားဝယ်ကွမ်းသီးအနုစျေးကွက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီးတွင် ယခုမိုးဦးကျကာလတွင် ကွမ်းသီးများဖူးပွင့်ရာမှ ကွမ်းသီးအနု သီးလေးများ စတင်ဖြစ်ပေါ်လာပြီဖြစ်ပါသည်။ ၎င်းကွမ်းသီးအနုများအား စျေးကွက်တွင် တစ်လုံး (၁၀၀) ကျပ်၊ ၆၅ လုံး ၁ ပိဿာ၊ ၆၅၀၀ ကျပ်ဖြင့် ဒေသအဝယ်ဒိုင်များမှ ဝယ်ယူလျက်ရှိသဖြင့် ကွမ်း သီးအနုစျေး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင် သိရှိရပါသည်။ ယင်းကွမ်းသီးအနုများအား အထားခံ သယ်ယူပို့ဆောင်နိုင်ရန် ဒေသတွင်းပေါင်းစက်ဖြင့်ပေါင်းပြီး အခြောက်ခံကာ မန္တလေး၊ တရုတ်ကုန်သည်များထံ ဆက်လက်ရောင်းဝယ်ပြီး ယင်းမှတရုတ်၊ ဗီယက်နမ်နိုင်ငံများသို့ ဆက်လက်တင်ပို့ ရောင်းချကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)