Main menu

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှအွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း

Powered by Drupal

       ၂၀၂၅ ခုနှစ် ၊ ဇွန်လ ၃၀ ရက်နေ့၊နေ့လယ်  (၁၄း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အွန်လိုင်းမှတ်ပုံတင်စနစ်နှင့်စပ်လျဥ်း၍ အွန်လိုင်းစနစ်ဖြင့် လက်ဝတ်ရတနာရောင်းချမည့်လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်လျှောက် ထားရာတွင် လိုအပ်သည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားရန်နှင့်လျှောက်ထားရာတွင် ကြိုတင်ပြင်ဆင်ထားရှိရ မည့်အထောက်အထားများ၊ အခြေခံလိုအပ်ချက်များ၊ လျှောက်ထားခြင်း ပုံစံအဆင့်ဆင့်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)