Main menu

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့အတွင်းရှိ ကြက်သွန်နီဈေးနှုန်း

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကြက်သွန်နီကို မြိတ်မြို့ဆိပ်ငယ် ဈေးကြီးနှင့်စမ်းချောင်းကုန်စိမ်းများတွင် နေ့စဉ်အရောင်း အဝယ်လျက်ရှိပါသည်။ မိုးကြက်သွန်နီအပြင် ပင်စိုက်ကြက်သွန်နီများလည်း အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက် သွန်နီသည် စားဖိုချောင်သုံးအစားအစာတွင် အဓိကမပါမဖြစ်သော အသီးအနှံတစ်မျိုး ဖြစ်သည်။ ကြက်သွန်နီကို အလွယ်တကူဝယ်ယူရရှိပြီး ဟင်းလျာများကို အနံ့အရသာကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်သည်။

      ယခင်၂၀၂၅ခုနှစ်ဇွန်လနောက်ဆုံးပတ်တွင် မြိတ်မြို့အတွင်း ကြက်သွန်နီဈေးနှုန်းမှာ (၂၅၀၀)ကျပ်နှင့် (၂၃၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။ ကြက်သွန်နီဈေးနှုန်းများမှာ ကျဆင်းနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)