Main menu

မန္တလေးဈေးကွက်တွင်ခရမ်းချဉ်ဈေးတက်လျက်ရှိ

Powered by Drupal

မန္တလေးမြို့သို့ခရမ်းချဉ်သီးထွက်ရှိရာဒေသများဖြစ်ကြသည့်အင်းလေးဒေသထွက်၊ရွာငံ၊ ပြင်ဦးလွင်၊မုံရွာ၊ရမည်းသင်း၊ပျော်ဘွယ်၊စစ်ကိုင်း၊ဆင်ရွာကြီးတို့မှ ခရမ်းချဉ်သီးများ နေ့စဉ်ဝင် ရောက်လျက်ရှိသည်။ ခရမ်းချဉ်းသီးများထဲမှ အင်းလေးဒေသထွက်ခရမ်းချဉ်သီးသည်အချိုဆုံး ဖြစ်သည်။ အင်းလေးခရမ်းချဉ်သီးမှာဈေးအရဆုံးဖြစ်သည်။ ပြင်ဦးလွင်၊မုံရွာအသီးတို့မှာ အထိုက်အလျောက် ဈေးကောင်းကျသော်လည်း အင်းသီးလောက်အထားမခံပါ၊ပျော်ဘွယ်၊ရမည်းသင်း၊ဗမာ သီးခေါ်အချဉ်မျိုးသည်အနုဆုံးဖြစ်သည်။ အင်းသီးမှာ ၁ပိဿာလျှင် ယခု(၄၀၀၀-၄၅၀၀) ကျပ်အထိ ဖြစ်ပြီးယခင်လတွင် ၁ပိဿာလျှင်(၂၀၀၀-၂၅၀၀)အထိလျော့ကျခဲ့ပြီးယခုအခါ ခရမ်းချဉ်သီး ဈေးနှုန်းများတက်လျက်ရှိကြောင်းခရမ်းချဉ်သီးရောင်းချသူများထံမှသိရှိရပါသည်။
DOCA(မန္တလေး)