
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ဆိပ်ငယ်စည်ပင်သာယာဈေးကြီးတွင် နေ့စဥ်ဈေးရောင်းသူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။ ရာသီပေါ်သီးနှံများနှင့် ဒေသထွက် ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချကြပါသည်။ ယခုအခါရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် ဘူးသီးသည် စျေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။
ယခင်ဇွန်လအစတွင် ဘူးသီးတစ်လုံလျှင် (၂၀၀၀)ကျပ်ရှိရာမှ ယခုဇွန်လ(၃၀)ရက်နေ့တွင် ဘူးသီးတစ်လုံးလျှင် (၃၅၀၀)ကျပ်ခန့်ထိရှိကြောင်း ကုန်စိမ်းရောင်းချနေသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)