
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ငါးရံ့ နှင့် ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
ငါးရံ့များသည် ကန့်ဘလူခရိုင်အတွင်း ထွက်ရှိခြင်းဖြစ်ပြီး ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ် တို့မှ ဝယ်ယူရောင်းချရကြောင်းသိရှိရပါသည်။ ငါးရံ့ကို စားသုံးသူပြည်သူများက အသားကျစ်လစ်၍ အရိုးနည်းသည့်အတွက် စားသုံးမှုများသလို ငါးရံ့ကို ငါးဒိုင်များ နှင့် ငါးသည်များက ငါးရံ့ကို အခြောက်လှမ်းပြီး ငါးရံ့ခြောက်ကိုလည်း ရောင်းကြပါသည်။ ငါးရံ့ခြောက်ကိုတော့ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များ နှင့် လူကြီးများကန်တော့ရန် လက်ဆောင်ပေးရန်အတွက် အသုံးပြုကြသည့်အတွက် ငါးရံ့များ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ငါးရံ့ ဈေးနှုန်း များအနေဖြင့် ငါးရံ့ (အကြီး)လက္ကားဈေး တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ငါးရံ့ အကြီး လက်လီဈေး တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ ငါးရံ့(အသေး)လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ငါးရံ့(အသေး)လက်လီ တစ်ပိဿာ လျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ ဈေးနှုန်းဖြင့် လည်းကောင်း၊ ငါးရံ့ခြောက် ဈေးနှုန်းများ အနေဖြင့် ငါးရံ့ခြောက် အကြီး လက်လီဈေး တစ်ပိဿာ လျှင်(၈၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀၀)ကျပ်၊ ငါးရံ့ ခြောက်(အသေး) လက်လီ တစ်ပိဿာလျှင်(၆၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀၀)ကျပ် နှင့် (၂၅) ကျပ်သားလျှင်(၁၅၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးသည် ထံမှ သိရပါသည်။
Doca(စစ်ကိုင်း)