Main menu

ဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ ရာသီစာပတ္တမြားငမောက်

Powered by Drupal

မန္တလေးတိုင်းဒေသကြီးအတွင်း သို့ကျောက်ဆည်၊မတ္တရာ၊စဉ့်ကိုင် ၊မြင်းခြံစသည့် နယ်များ မှ စိန်တစ်လုံးသရက်သီးများ ဧပြီလဆန်းမှစ၍ လှိုင်လှိုင်ထွက်ပေါ်ပြီးဇွန်လကုန်တွင် အထွက်နှုန်း များလျော့ကျသွားပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ရှားပါးလျက်ရှိပါသည်။ ၎င်းစိန်တစ်လုံး သရက်သီးအစားအခြားမျိုးများဖြစ်သည့် မချစ်စု၊ စိမ်းစား၊ရွှေဟင်္သာ၊ ရင်ကွဲ၊ပတ္တမြားငမောက် အစရှိ သည့် သရက်သီးများ ဝင်ရောက်လျက်ရှိပါသည်။
၎င်းသရက်မျိုးများအနက်မှ မန္တလေးမြို့နှင့်အနီးတဝိုက်ရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ ပလိပ်၊ မတ္တရာစသည့်နယ်များမှ ပတ္တမြားငမောက်သီးများ ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိ ပါသည်။ပတ္တမြားငမောက်သရက်သီး၏ အချိုဓာတ်မှာလျော့နည်းခြင်းကြောင့် အချို့ ဆီးချိုသမား များတစ်ခါတစ်ရံ စားသုံးလေ့ရှိကြပါသည်။
မန္တလေးဈေးကွက်အတွင်း ပတ္တမြားငမောက်သီး အလုံးလှ တစ်လုံးလျှင် ကျပ် (၁၅၀၀/၂၀၀၀/-)၊ ပုံမှန် တစ်လုံးလျှင် ကျပ် (၇၀၀/၈၀၀/- )ဖြင့် ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)