Main menu

မြိတ်မြို့ဇူလိုင်လအတွက် စားအုန်းဆီများရောက်ရှိ

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဝယ်ယူလျက်ရှိပြီး (၂၅.၆.၂၀၂၅) ရက်နေ့တွင် Myanmar Oil Alliance ကုမ္ပဏီမှ ဝယ်ယူခဲ့သော စားအုန်းဆီပေပါ (၇၇) ပေပါ၊ ပိဿာ(၈၄၇၀)နှင့် Yadanarbon Global Network Distribution ကုမ္ပဏီမှ ဝယ်ယူခဲ့သော စားအုန်းဆီပေပါ (၄၈) ပေပါ၊ ပိဿာ(၅၂၈၀)သည် (၂၉.၆.၂၀၂၅)ရက်နေ့ တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ စားအုန်းဆီးများကို မြိတ်ခရိုင်ဆီ အရောင်းကိုယ်စားလှယ်မှ လက်လီအရောင်းဆိုင်များသို့ ၂ ရာခိုင်နှုန်းအမြတ်ဖြင့် ခွဲဝေရောင်းချပေးမည်ဖြစ်ပြီး လက်လီဆိုင်များမှတစ်ဆင့် ပြည်သူများသို့ ဇူလိုင်လတွင် ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ပြီး သိရှိရပါသည်။

DOCA(တနင်္သာရီ)