Main menu

မင်္ဂလာဒုံမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင် လျှောက်ထားသည့် အမှတ်(၇၃)၊ ၂/၂ ရပ်ကွက်၊ သစ်ယာလမ်းရှိ ကလေးအသုံးအဆောင်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်သို့ စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၂၇.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၄၅)အချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ အကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)