Main menu

အလှကုန်ပစ္စည်းအရောင်းဆိုင်သို့ Online ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့၊နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခင်မာဝေ နှင့် ဒေါ်သင်းစံပယ်ဦးတို့သည် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် စမ်းချောင်းမြို့နယ်ရှိ ၊ ရတနာသိင်္ခလမ်း၊ မုန့်လက်ဆောင်းကုန်း၊ မြောက်ရပ်ကွက်ရှိ နေလင်းရောင် Online လုပ်ငန်းသို့ သွားရောက်၍ မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Online စနစ်နှင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက်  အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)