Main menu

ဇွန်လ(နောက်ဆုံးပတ်)၌ မော်လမြိုင်ငါးဒိုင်မှ ငါးဈေးနှုန်းအခြေအနေ

Powered by Drupal

      မွန်ပြည်နယ်သည် မြစ်ဝကျွန်းပေါ်ဒေသ၊ ကမ်းရိုးတန်းဖြစ်သောကြောင့် ပင်လယ် ငါး၊ ရေချို၊ ရေငံငါးများ ပေါများသည်။ ပင်လယ်ကမ်းဝေးကမ်းနီး စက်လှေနှင့် တစ်နိုင်လုပ်စားကြသောငါးလှေတို့မှ ရရှိသည့်ငါးများကို မော်လမြိုင်ဒေသ ငါးဒိုင်သွင်း၍ ငါးမျိုးစုံကို လက်လီ/လက်ကား အရောင်းအဝယ် ရှိသည်။

      ၂၀၂၅ ခုနှစ်၊ ဇွန်လ (နောက်ဆုံးပတ်)တွင် ရေထွက်ငါး ဈေးနှုန်းအခြေအနေမှာ ငါးတန် တစ်ပိဿာလျှင် ကျပ် ၈၀၀၀၊ ငါးခုံးမ တစ်ပိဿာလျှင် ကျပ် ၆၅၀၀၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၉၀၀၀၊ ငါးကြင်းဖြူ (ဗိုက်ခွဲ)တစ်ပိဿာလျှင် ကျပ် ၁၇၀၀၀၊ ပါကူး တစ်ပိဿာလျှင် ကျပ် ၈၂၀၀၊ တီလားပီးယား တစ်ပိဿာလျှင် ကျပ် ၁၂၃၀၀၊ ပလာတူး တစ်ပိဿာလျှင် ကျပ် ၈၅၀၀၊ ပလာလန်း တစ်ပိဿာလျှင် ကျပ် ၁၄၅၀၀၊ ရွှေငါး တစ်ပိဿာလျှင် ကျပ် ၉၀၀၀၊ ငါးမုတ်မဲ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀၊ ငါးကွမ်းရှပ် တစ်ပိဿာလျှင် ကျပ် ၁၅၅၀၀၊ ငါးရွှေကြီး တစ်ပိဿာလျှင် ကျပ် ၁၆၀၀၀ ဖြစ်ကြောင်း ငါးဒိုင်မှ  သိရှိရသည်။

DOCA (မွန်)