Main menu

မော်လမြိုင်မြို့၏ ဇွန်လ နောက်ဆုံးအပတ်တွင် စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကား ဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

     မော်လမြိုင်မြို့ စက်သုံးဆီဆိုင်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခု ဇွန်လ နောက်ဆုံးအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၅၉၀) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၁၉၀) ကျပ်၊ ဓါတ်ဆီ (92) တစ်လီတာလျှင် (၃၀၅၀) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၃၁၂၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    ယခင် ဇွန်လ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၅၀၀) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၀၈၀) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၉၄၀) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၃၀၀၅) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင် ဇွန်လ တတိယအပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ယခု ဇွန်လ နောက်ဆုံးအပတ်တွင် ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၉၀) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၁၁၀) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၁၀) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၁၅) ကျပ် ဈေးနှုန်းအသီးသီး မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သိရှိရပါသည်။

DOCA (မွန်)