Main menu

မြန်မာ့ထုတ်ကုန်များအတွက် အမေရိကန်ဈေးကွက်အသစ်ဖွင့်

Powered by Drupal

အမေရိကန်အစိုးရသည် ၂၀၂၅ ခုနှစ် ဧပြီလမှစ၍ မြန်မာနိုင်ငံမှ ထုတ်ကုန်များအပါအဝင် နိုင်ငံတော်အတော်များမှ ထုတ်ကုန်များအပေါ် သတ်မှတ်သည့် အပြန်အလှန်အခွန်သတ်မှတ်ချက် (reciprocal tariff) အသစ်များ ပြဋ္ဌာန်းခဲ့ပါတယ်။ အဆိုပါအခွန်သစ်သတ်မှတ်ချက်များကို Executive Order 14257 အရ သတ်မှတ်ပြဌာန်းခြင်း ဖြစ်ပြီး မြန်မာ့ထုတ်ကုန်များအပေါ် ၄၄% ထိ အခွန်တိုးမြင့် ပြဌာန်း လိုက်ကြောင်း သိရှိရပါတယ်။ အဆိုပါ အခွန်တိုးချဲ့မှုသည် ဈေးကွက်အားလုံးဝပိတ်ပင်ခြင်းမျိုး မဟုတ်ဘဲ ဈေးကွက်အတွင်းသို့ စနစ်တကျဝင်ရောက်နိုင်ရန်အတွက် သတ်မှတ်ရခြင်း ဖြစ်သည့်အတွက် ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့မှစတင်၍ ဇူလိုင်လ ၉ ရက်အထိ စုစုပေါင်း ရက်(၉၀) အတွင်း ထုတ်ကုန်အမျိုးအစားတချို့အတွက် အချိန်ပိုင်း “pause period” ထားရှိပေးထားကြောင်း သိရှိရပါတယ်။ ယင်းကဲ့သို့ “pause period” ထားရှိပေးထားသည့်အတွက် လုပ်ငန်းများအနေဖြင့် ဈေးကွက်သစ်အား ဝင်ရောက်နိုင်ရန်အတွက် ပြင်ဆင် ခွင့် နှင့် ပြင်ဆင်ချိန် ရရှိနေပါသေးသည်။
မြန်မာ့ကုန်စည်ထုတ်လုပ်ရေး လုပ်ငန်းများအနေဖြင့်လည်း အမေရိကန်ဈေးကွက်အတွင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်ရန်အတွက် ထုတ်ကုန်အရည်အသွေးမြှင့်တင်ခြင်း၊ အသိအမှတ်ပြုအထောက် အထားများရယူခြင်းနှင့် မျှတသောစျေးနှုန်းဖြင့် တင်ပို့နိုင်ရေးတို့ကို စီမံကိန်းပြုလုပ်နိုင်မည့် အချိန်အခွင့် အလမ်းဖြစ်ကြောင်း စီးပွားရေးသုံးသပ်သူများကရှုမြင်နေကြပါတယ်။ ကုန်သွယ်ရေးနယ်ပယ်၌ အတွေ့ အကြုံပြည့်သူတစ်ဦးက “အခွန်တိုးလာခြင်းသည် စိတ်ပင်ပန်းစရာပေမယ့်၊ ဈေးကွက်ပိတ်ခြင်း မဟုတ် သောကြောင့်၊ မိမိထုတ်ကုန်ကို ဈေးကွက်သင့်လျော်အောင်ပြင်ဆင်၍ ဝင်ရောက်နိုင်ခြင်းသည် အခြား နည်းဖြင့် မရနိုင်သော အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်တယ်” ဟုသုံးသပ်ဝေဖန်ထားပါသေးတယ်။
DOCA(ဧရာဝတီ)